Popular Posts!

Wednesday, January 25, 2012

Black Diamond ဆေး နဲ့ ကာလသားရောဂါ ရှိ-မရှိ သွေးစစ်ခြင်း

 



Feb 2, 2011 at 2:17 PM
ကျွန်တော်က မြန်မာနိုင်ငံမှာ နေတာပါ။ ပြီးခဲ့တဲ့ရက်က အလုပ်လိုက်လျှောက်ရင်းနဲ့ လုပ်ငန်းတစ်ခုမှာ အင်တာဗျူး ဝင်ရပါတယ်။ အဲဒီလုပ်ငန်းမှာ အင်တာဗျူးအောင်ပြီး သူတို့က ဆေးစစ်ပါတယ်။ ဆေးစစ်တာက (၅)မျိုးစစ်ပါတယ်။ (၁) ကာလသားရောဂါ၊ (၂) HIV၊ (၃) B ပိုး၊ (၄) C ပိုး၊ (၅) X-Ray ရိုက်တာပါ။

ဆေးစစ်ပြီး နောက် (၃) ရက်လောက်ကြာတော့ အလုပ်က ဆေးကျတယ်ဆိုပြီး ဖုန်းဆက်ပါတယ်။ ကာလသားရောဂါနဲ့ ဆေးကျတာတဲ့။ ကျွန်တော်က အိမ်ထောင်မရှိပါဘူး။ ကျွန်တော် ဆေးမစစ်ခင်မှာ Black Diamond ဆိုတဲ့ ယောက်ျား အားဆေး သောက်ခဲ့တယ်။ အဲဒီဆေးကို ဆေးဆိုင်မှာ ဝယ်ပြီးသောက်တာပါ။ ဆေးဆိုင်က လူကို သေချာ မေးကြည့်တော့ side effect ဘာမှမရှိဘူးလို့တော့ ပြောပါတယ်။ ဆေးသောက်ပြီး (၂၄)နာရီမပြည်ဘဲ ဆေးစစ်ခဲ့တာပါ။ အဲဒါ ကျွန်တော် ဆေးကျတာက အဲဒီဆေးသောက်ပြီး (၂၄)နာရီ မပြည့်ခင် စစ်မိလို့လား။ အဲဒါကြောင့် မဟုတ်ရင် ကာလသားရောဂါနဲ့ ပတ်သက်ပြီး သေချာသိချင်ပါတယ်။ အဲဒီရောဂါက ကူးစက်ရောဂါ ဟုတ်/မဟုတ်၊ ကူးစက်ရောဂါ ဆိုရင် ဘယ်လို နည်းလမ်းတွေနဲ့ ကူးစက်ပါသလဲ။ ပတ်ဝန်းကျင်က လူတွေ မကူးစက်ရအောင် ကာကွယ်နိုင်အောင်ပါ။ ဘယ်လို လက္ခဏာတွေ ပြပါသလဲ။ ကုလို့ရပါသလား။ ဘယ်လို ကုလို့ရမလဲ။ မြန်မာဆေးနဲ့ ကုရမှာလား၊ အင်္ဂလိပ်ဆေးနဲ့ ကုရမှာလား။ အသိထဲမှာ ဆရာဝန်လည်း မရှိတော့ ခက်နေပါတယ်။ တခြားဆေးခန်းတွေကိုလည်း ရမ်းသမ်းပြီး မသွားရဲဘူး။

• Black Diamond ဆေးဟာ တရုတ်နိုင်ငံကနေလာတယ် Exceed Vigra and Cialis ဆိုပြီး ကြော်ညာတဲ့ ဆေးပါ။ (ဗိုင်ယာဂရာ) လိုဘဲ ယောက်ျား ပန်းညှိုး-ပန်းသေအတွက် သုံးတာဖြစ်တယ်။ Special Effect I နဲ့ II ဆိုပြီးသာ ပါတယ်။ Side effect မကောင်းကျိုး မတွေ့ရပါ။ ဆေးကုမ္ပဏီက လူလယ်ကျတယ်။ ဒါပေမဲ့ ဆေးးစစ်အဖြေက ဆေးရဲ့ ဆိုးကျိုးတော့ ဖြစ်မယ်မထင်ပါ။
• ကာသလားရောဂါဆိုတာ Syphlis (ဆစ်ဖလစ်) ကိုပြောတာပါ။ အမှန်က ကာလသမီးတွေရော၊ အသက်ကြီးတွေရော ကိုယ်ဝန်ဆောင်တွေပါ ဖြစ်နိုင်တယ်။
• သွေးစစ်ချက် အဖြေမှာ ပိုးတွေ့ရင် VDRL Test positive လို့ ရေးပါမယ်။ VDRL blood test လုပ်တာက လောလောဆယ် (ဆစ်ဖလစ်) ရှိနေ-မနေကို သိစေတယ်။
• VDRL ကနေ Cardiolipin လို့ခေါ်တဲ့ Non-syphilis specific protein ဆစ်ဖလစ်နဲ့တူတဲ့ (အင်တီဘော်ဒီ) (ပရိုတင်း) ကို စစ်တာဖြစ်တယ်။ ဒါ့ကြောင့် ၁-၂% မှာ False positives တကယ်မရှိဘဲ အပေါင်းလက္ခဏာ လာပြနိုင်တယ်လို့ "Syphilis Testing Algorithms Using Treponemal Tests for Initial Screening - Four Laboratories, New York City, 2005-2006" ကနေ MMWR Weekly August 15, 2008 မှာ ဖေါ်ပြခဲ့တယ်။
• အဲလိုလူတွေမှာ ကိုယ်ဝန်၊ HIV (အိတ်ခ်ျအိုင်ဗွီ)၊ Tuberculosis တီဘီ နဲ့ တခြား Other bacterial infections (ဗက်တီးရီးယား) ဝင်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ပန်းသေ-ပန်းညှိုးဆေးကို အဲဒီ သုတေသနမှာ မတွေ့ရပါ။
• (ဆစ်ဖလစ်) ကို Treponema pallidum tests ဆိုတာစမ်းရင် မှားပြီးပြောတာ မတွေ့နိုင်ဘူးလို့ ဆိုပါတယ်။
• Syphilis (ဆစ်ဖလစ်) ဟာ Sexually transmitted disease (STD) လိင်ကတဆင့်ကူးစက်ရောဂါတခု ဖြစ်တယ်။ မကုဘဲနေရင် ဆိုးဝါးတာတွေ ဆက်ဖြစ်မယ်။ AIDS ဖြစ်စေမဲ့ HIV ဝင်လာမှာ ပိုအခွင့်အလမ်း များတယ်။ ကိုယ်ဝန်ဆောင် မိခင်ကနေ အထဲက ကလေးကိုလဲ ကူးစေနိုင်တယ်။
• လိင်ဆက်ဆံတာမှာ Oral ပါးစပ်၊ Anal စအို နဲ့ Vaginal (ဗဂျိုင်းနား) ဘယ်လမ်းကို သုံးသုံး ကူးစေနိုင်တယ်။
• Treponema pallidum ခေါ်တဲ့ ဗက်တီးရီးယားကနေ ဖြစ်တယ်။ ပိုးဝင်ကာစ ဘာမှမဖြစ်သေးဘူး။ အဆင့် ၃ ဆင့် ရှိတယ်။
1. Primary Syphilis ပဌမဆင့်။ လိင်ကတဆင့်ကူးစက်လာပြီး ၁ဝ-၉ဝ ရက်အတွက်မှာ လက္ခဏာလာပြမယ်။ လိင်ဆက်ဆံရာမှာသုံးခဲ့တဲ့ အင်္ဂါ-နေရာအနားမှာ ခပ်နီနီ Chancre အနာပေါက်လာမယ်။ မနာတဲ့ အနာလေးတွေ စဖြစ်တယ်။ နီးစပ်ရာနေရာမှာ တက်စေ့တွေ ရောင်-ကြီးလာမယ်။ သူများကို ကူးနိုင်ပြီ။ မကုဘဲနေရင်လဲ ၃-၆ ပါတ်နေတော့ အနာက ပျောက်သွားမယ်။
2. ဒါပေမဲ့ Secondary Syphilis ဒုတိယဆင့်တက်သွားပြီ။ လနဲ့ချည်ကြာနိုင်တယ်။ ပိုးက သွေးထဲ ရောက်လာပြီ။ လက္ခဏာတွေ အမျိုးမျိုးရနိုင်တယ်။ အနီစက်တွေ၊ ဖျား၊ ခေါင်းကိုက်၊ အစားပျက်၊ လူကပိန်၊ လည်ချောင်းနာ၊ ကြွက်သားနာ၊ အဆစ်တွေနာ၊ နေမကောင်း၊ တက်စေ့တွေရောင်-ကြီးလာ။ အနီစက်က လက်ဖဝါး-ခြေဖဝါး နေရာတကာမှာ လာဖြစ်နိုင်တယ်။ အရောင်ခပ်မွဲမွဲ အကွက်တွေက ပါးစပ်၊ စအို၊ ဗဂျိုင်းနားလို စိုထိုင်းထိုင်း နေရာမျိုးမှာ လာဖြစ်မယ်။ အလွန်ကူးစက်လွယ်တယ်။ ကံဆိုး-ကံကောင်းပါဘဲ။ မကုဘဲလဲ ပျောက်သွားအုံးမယ်။ ဒါပေမဲ့ ရောဂါက အသဲ၊ ကျောက်ကပ်၊ မျက်စိ၊ ဦးနှောက်မြှေးတွေကို ကူးသွားခဲ့ပြီဖြစ်နိုင်တယ်။
3. Late (Tertiary) Syphilis တတိယနဲ့ နောက်ဆုံးအဆင့်။ နှစ်တွေကြာမှ လာပေါ်တတ်တယ်။ မျက်စိ၊ နှလုံး၊ အရိုး၊ သွေးကြောကြီးတွေ၊ အာရုံကြောစနစ်။ တချို့မှာ မှတ်ဥာဏ် လျော့လာမယ်။ စိတ်တခုခုဖြစ်မယ်။ ဆီးသွား-လမ်းသွားရတာ ပုံမှန်မဟုတ်၊ မျက်စိမှုံ၊ ယောက်ျားဆို ပန်းညှိုး၊ ခြေထောက်တွေ ထုံကျင်မယ်။

လိင်လမ်းကနေကူးလို့ မဆက်ဆံဘဲနေတာ၊ ဆက်ဆံဘက်အဖေါ် မများတာ၊ အဖေါ်ကလဲ အဲလိုမများတာ ကောင်းတယ်။၊ ယောက်ျား Condom မိန်းမ Condom စနစ်တကျသုံးပါ။ စောစောသိရင် ကုရတာလွယ်တယ်။ ကျွန်တော်သင်ရတဲ့ ဆေးပညာကလွဲရင် တခြားနည်းလမ်းတွေကို မသိပါ။

Antibiotics ပဋိဇီဝဆေး
1. Penicillin (ပနယ်စလင်) ဆေးက အကောင်းဆုံးဖြစ်တယ်။ Ceftriaxone နဲ့ Azithromycin ဆေးတွေကုလဲ စသုံးနေကြပြီ။
a. လူကြီးတွေကို ပဌမဆင့်နဲ့ ဒုတိယအဆင့် ဆစ်ဖလစ်ဖြစ်နေတာကို Penicillin G benzathine 2.4 million U IM in a single dose အသားဆေး ၁ လုံးထဲထိုးတာနဲ့ရတယ်။ တတိယအဆင့်ရှိသူတွေကို Penicillin G benzathine 2.4 million U IM qwk for 3 wk တပါတ်တခါ ၃ ပါတ်ထိုးတယ်။
b. ကလေးဆိုရင် ပဌမဆင့်နဲ့ ဒုတိယအဆင့် ဆစ်ဖလစ်ဖြစ်နေတာကို Penicillin G benzathine 50,000 U/kg IM အသားဆေး ၁ လုံးထဲ ထိုးတာနဲ့ရတယ်။ 2.4 million U ထက် မများစေရပါ။ ကလေးတွေမှာ တတိယအဆင့် ရှိသူတွေကို Penicillin G benzathine 50,000 U/kg IM qwk for 3 wk တပါတ်တခါ ၃ ပါတ်ထိုးတယ်။
c. လူကြီးတွေ Neurosyphilis အာရုံကြောအထိ ဖြစ်နေသူတွေကို Penicillin G Procaine (Crysticillin) 2.4 million U IM qd for 17-21 d တရက်တလုံး ၁၇-၂၁ ရက် ထိုးတယ်။
d. ကလေးတွေ Neurosyphilis ဖြစ်ရင် Crystalline penicillin G 50,000 U/kg IM (up to 2.4 million U); give 3 doses at 1-wk intervals တ ပါတ်ခြားတခါ ၃ ခါထိုးတယ်။
2. Doxycycline စားဆေးက ပနယ်စလင်နဲ့ မတည့်သူတွေကို ပေးရတယ်။
a. လူကြီးတွေမှာ ပဌမဆင့်နဲ့ ဒုတိယအဆင့် ဆစ်ဖလစ်ဖြစ်နေတာကို Doxycycline 100 mg ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၁၄ ရက် သောက်ရတယ်။
b. လူကြီးတွေမှာ တတိယအဆင့် ရောက်နေရင် Doxycycline 100 mg ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၃ဝ ရက် သောက်ရတယ်။
c. လူကြီးတွေမှာ Neurosyphilis အာရုံကြောအထိ ဖြစ်နေသူတွေကို 200 mg ၂ ပြား၊ တနေ့ ၄ ကြိမ်၊ ၂၈ ရက်သောက်ရတယ်။
d. Doxycycline ကို ကလေးတွေ ၈ နှစ်အောက် မပေးပါ။ ကိုယ်အလေးချိန် ၄၅ ကေဂျီအောက် ကလေးတွေကို Doxycycline 2-5 mg/kg/d in 1-2 divided doses ဆေးကို 200 mg/d ထက် မများစေဘဲ ပေးတယ်။
3. Tetracycline ကိုလဲ သုံးတယ်။
a. လူကြီးတွေမှာ ပဌမဆင့်နဲ့ ဒုတိယအဆင့် (ဆစ်ဖလစ်) ဖြစ်နေရင် Tetracycline 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ရမယ်။
b. လူကြီးတွေမှာ တတိယအဆင့် ရောက်နေရင် Tetracycline 500 mg တနေ့ ၄ ကြိမ်၊ ၃ဝ ရက်။
c. Tetracycline ဆေး ၈ နှစ်အထက် ကလေးတွေကို 25-50 mg/kg/d PO divided qid ပေးတယ်။
4. Erythromycin ဆေးကိုလဲ သုံးနိုင်တယ်။
a. လူကြီး 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်၊
b. ကလေး 30-50 mg/kg/d PO divided qid ပေးတယ်။
5. Probenecid ဆေးကို တွဲပေးဘို့ လူကြီး 500 mg တနေ့ ၄ ကြိမ် နဲ့ ကလေး 25-40 mg/kg တနေ့ ၄ ကြိမ် ပေးတယ်။

Dr. တင့်ဆွေ-healthadultreading
၂-၁-၂ဝ၁၁

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!