Popular Posts!

Monday, February 11, 2013

ရွှေတွေဆိုတဲ့အတိုင်း ရွှေဖြစ်ပါစေ....

သူကိုသူနာမည်ကောင်းပေးထားတဲ့ မြန်မာဆိုတဲ့ ရွှေဗမာဆိုသူတွေလုပ်လိုက်ရင်...ထူးခြားဆန်းပြားမှု ပေါက်ကရတွေကတော့ ကမ္ဘာကတောင်ပြောယူရတယ်လေ..မျက်ပြူးပြီးအံ့သြဖွယ်ပါတကား...
 
အလွန်အရေးကြီးတဲ့ နည်းပညာတွေ၊လူစွမ်းအားတွေ၊စွမ်းအင်တွေ မပြည့်စုံ၊လုံလောက်စွာမပေးသေးသရွှေ့နှင့် အရှေ့တောင်အာရှမှာဒီလောက်ဈေးကြီးနေတဲ့ မြေဈေးတွေကိုကြည့်ပြီး အမှန်တကယ်လုပ်ငန်း လုပ်မဲ့သူတွေကတော့ အလုပ်ဖြစ်ပါမလားတော့မသိပါဘူး? အဲ! ဒါပေမဲ့လောလောဆယ် အမြတ်ရနေကျ တာကတဲ့ ငွေပိုငွေလျှံရှိနေကျသော ငွေဖြူတွေအဖြစ်ဖော်ချင်နေကျတဲ့ လုပ်ငန်းရှင်ကြီးတွေပါဘဲ ......ဘာမှရှည်ရှည်ဝေး ဝေးလုပ်ပြီးခေါင်းစားနေစရာမလိုတဲ့ လောလောဆယ်အလွန်ကို အမြတ်အစွန်းရပြီး အလွန်လွယ်ကူတဲ့ အလုပ်တခုဘဲမဟုတ်ပါလားနော်!.....ဒီလိုမျိုး ၁၉၉၆ ခုနှစ်မှာလဲဖြစ်ခဲ့ဘူးပါတယ်...ဒါပေမဲ့ ဆန်ရှင်ဆိုတဲ့အနောက်နိုင်ငံရဲ့စီးပွားရေးပိတ်ဆို့မှုကြောင့် ဘာမှအလုပ်မဖြစ်ခဲ့ပါဘူး အခုတခါမှာ တော့ မတူညီတဲ့အခြေနေမျိုးဆိုတော့ အရင်ထက်ဆာရင်တော့ ပိုအလုပ်ဖြစ်လာနိုင်ပါတယ်...တိုးတက်ပါစေရွှေနိုင်ငံရေ....ရွှေတွေဆိုတဲ့အတိုင်းရွှေတုံးရွှေခဲဖြစ်ပါစေ...
(ရွှေ မဟုတ်ဘဲ ရွှေ့ ဖြစ်သွားရင် ဒုက္ခ!)
 
အဲ! အမှန်တကယ်နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေလာရင်ပေါ့လေ! အကယ်၍မလာခဲ့ရင်ဘာတွေဆက် လုပ်ကျ မလဲ?  ကြိုတင်စဉ်းစားတွေးကြည့်ကျရအောင် ဘယ်လိုဆက်ပြီးစခန်းသွားကျရမလဲ! ဘာတွေဆက်လုပ် ကျမလဲ? ဒီအချက်ကအရမ်းကိုအလွန်အရေးကြီးနေပါတယ်....အဥာဏ်ကြံလေးတွေရှိရင်ပေးကျပါအုံးလို့!
 
 
ဆက်စပ်သတင်းလေးကတော့.....

ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမည့်သူများကြောင့် စက်မှုဇုန်အများအပြားတိုးတက် ဖွံ့ဖြိုးလာဟု အကျိုးဆောင်များပြော

နိုနိုအောင်
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ စီးပွားရေးအရ ပြင်ဆင်မှုများကြောင့် စက်မှုဇုန်များ ဖွံ့ဖြိုး တိုးတက်မှုအခြေ အနေကောင်းလာပြီး စက်မှုဇုန်အသေး စားများလည်း ဖွံ့ဖြိုးလာပြီဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေအကျိုးဆောင်များထံမှ သိရသည်။ "ဖွံ့ဖြိုးပြီးသား စက်မှုဇုန်တွေကတော့ အထူးတလည် ပြောစရာမဟုတ်ပေမယ့် အရင်က ဘာဆို ဘာမှမရှိတဲ့ အရှေ့ဒဂုံ လိုနေရာမျိုး၊ ကျန်စစ်သားစက်မှုဇုန်လို နေရာမျိုးတွေမှာ စည်လာတာကတော့ သိသာတယ်။ စက်ရုံတွေစဆောက်လာကြပြီး စက်ရုံ မဆောက်ဖြစ်သေးရင်လည်း မြေကိုခြံစည်ရိုးခတ်တာလောက်လုပ်လာကြတော့ တော်တော်များများ ဖွံ့ဖြိုးလာတယ်ပြောရမယ်။ ၅၀ ရာခိုင်နှုန်းလောက်ဖွံ့ဖြိုးလာပြီ" ဟု မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေအသင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်အေး က ယခုလ ၁၀ ရက်နေ့က ပြောသည်။
 
သို့သော် စက်မှုဇုန်ရှိ မြေဈေးများ မာနေခြင်း၊ နိုင်ငံခြားသားများ အိမ်၊ ခြံ၊ မြေ၀ယ်ပိုင်ခွင့်မရှိခြင်း၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေအတိအကျ မထွက်သေးခြင်းအပြင် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တွင်း ၌ ပဋိပက္ခအချို့ ရှိနေခြင်းများကြောင့် နိုင်ငံတွင်းရှိစက်မှုဇုန်များတွင် ရင်းနှီးမြှုပ်နှံမည့်သူများ အတွက် ထည့်သွင်းစဉ်းစားစရာ အချက်များဖြစ်နေကြောင်း ၎င်းကဆိုသည်။ "အရောင်းအ၀ယ်ကတော့ မရှိဘူး။ သိသာတဲ့ ထူးခြားပြောင်းလဲမှုမရှိဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ရှိသလောက်နဲ့ပဲ စက်မှုဇုန်တွေက အရင်က ထက်စာရင် အခြေခံအဆောက်အအုံ တွေရှိလာတာ ကောင်းတယ်ပြောရမှာ ပေါ့။ ကျွန်တော်တို့ နိုင်ငံက ရေခံ၊ မြေခံ ကောင်းတဲ့ အပြင် စီးပွားရေးလုပ်ငန်း တွေက တကယ်အကောင်အထည်ဖော် မယ်ဆို လုပ်စရာအများ ကြီးရှိတယ်။ စိုက်ပျိုးရေးတို့၊ ဆိပ်ကမ်းတို့ပေါ့။ အကုန်အဆင်ပြေသွားလို့ ဒီ့ထက်ပိုပြီး ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာကြမယ်ဆိုရင် စက်မှုဇုန်တွေလည်း တစ်ပြိုင်နက်ဖွံ့ဖြိုးလာ နိုင်မယ်လို့ ယူဆတယ်"ဟု ဦးခင် မောင်အေးက ပြောသည်။
 
လှိုင်သာယာစက်မှုဇုန်၊ ရွှေလင်ပန်းစက်မှုဇုန်နှင့် ရွှေပြည်သာစက်မှုဇုန် တို့ကို ရင်းနှီးမြှုပ်နှံလိုသူများ သဘောကျကြပြီးမြေဈေးအကြီးဆုံးသောစက်မှုဇုန်များလည်းဖြစ်ကြောင်းသိရသည်။ "စက်မှုဇုန်အသေးတွေမှာတောင် အခု တစ်ဧကကို ကျပ်သိန်း ၂,၀၀၀၊ ၂,၅၀၀ ၀န်းကျင်ရှိတယ်။ အရောင်းအ၀ယ် ဖြစ်ရင်လည်း အဲဒီဈေးနှုန်း လောက်နဲ့ပဲ ဖြစ်နေတာ"ဟု ဦးခင်မောင်အေးက ပြောသည်။ ယခင်က ဖွံ့ဖြိုးမှုနည်းပါးခဲ့သော အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ စက်မှုဇုန် ၅၊ ရွှေသံလွင် စက်မှုဇုန် စသည်တို့တွင် အခြေခံအဆောက် အအုံများ တည်ဆောက်သူများလာ သော ကြောင့် စတင်ဖွံ့ဖြိုးလာပြီဖြစ် ကြောင်း လ၀န်းသစ် အိမ်၊ ခြံ၊ မြေအကျိုး ဆောင်မှ ကိုသန့်စင်က ယခုလ ၁၁ ရက် နေ့တွင် ပြောသည်။ "လှိုင်သာယာက မွေးမြူရေးဇုန်ဆို အရင်က ဘာမှမရှိပေမယ့် အခုဖွံ့ဖြိုးလာ တယ်ပြောရမယ်။ လမ်းမတန်းမှာဆို ပိုသိသာတယ်။ အဆောက်အဦးတွေ ဆောက်လာကြတယ်။ အနည်းဆုံး ခြံစည်းရိုး
ခတ်တာလောက်တော့ လုပ်လာကြတာပေါ့။ တခြားဇုန်တွေလည်း အရင်ထက်စာရင် ၃၀ ရာခိုင်နှုန်း လောက် ဖွံ့ဖြိုးလာတယ်" ဟု ကိုသန့်စင် က ပြောသည်။ စက်မှုဇုန်များ ဖွံ့ဖြိုးလာရခြင်းမှာ မြေ ပိုင်ဆိုင်သူများက တစ်ဆင့် ပြန်လည် ရောင်းချလိုသဖြင့် မြေညှိခြင်း၊ ခြံစည်းရိုး ခတ်ခြင်း၊ လုပ်ငန်းရှင် အများအပြားက စီးပွားရေး လုပ်ငန်းစတင်ရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ၎င်းကပြောသည်။
 
  "ပြည်တွင်းက စီးပွားရေးသမားတွေ များပါတယ်။ စီးပွားရေးအခွင့်အလမ်း ကောင်းလာတာ ကြောင့် ဖြစ်သလို မြို့ တွင်းက အသံဆူညံတဲ့ လုပ်ငန်းတွေနဲ့ အနံ့အသက် မကောင်းတဲ့ လုပ်ငန်းတွေ က စက်မှုဇုန်တွေဆီ ရွှေ့ရမှာဖြစ်တာ ကြောင့်လည်းပါတယ်။ မကြာခင်မှာ ပြည်ပက လုပ်ငန်းရှင်တွေလည်း ဒီ့ထက် ပိုဝင်လာကြတော့မယ်လို့ ထင်ပါတယ်။ ဖွံ့ဖြိုးပြီးသား စက်မှုဇုန်တွေရှိနေရင်တော့ အလားအလာကောင်းတာပေါ့"ဟု ကိုသန့်စင်က ပြောသည်။
 
စက်မှုဇုန်များထဲတွင် လှိုင်သာယာ စက်မှုဇုန် ၁၊ ၂၊ ၃ နှင့် ၄ တို့မှာ မြေဈေးအကောင်းဆုံးဖြစ် နေပြီး တစ်ဧကလျှင် ကျပ်သိန်း ၅,၀၀၀ မှ သိန်း ၆,၀၀၀ ၀န်းကျင်ထိရှိကြောင်း သိရသည်။ လမ်းမတန်းမဟုတ်သော နေရာများတွင် တစ်ဧကလျှင် ကျပ်သိန်း ၃,၅၀၀ မှ ၄,၀၀၀ ၀န်းကျင် ရှိကြောင်း ၎င်းက ပြောသည်။ "ဇုန် ၇ က ဈေးအကောင်းဆုံးလို ပြောလို့ရတယ်။ တစ်ဧကကို ကျပ်သိန်း ၆,၅၀၀ ကနေ ၇,၅၀၀ ထိခေါ်ကြတယ်။ အခုမှ စဖွံ့ဖြိုးတဲ့ စက်မှုဇုန်လေးတွေမှာ တောင် တစ်ဧကကို ကျပ်သိန်း ၁,၅၀၀၊ ၁,၈၀၀ နဲ့ ၂,၀၀၀ ၀န်းကျင်နဲ့ အရောင်း အ၀ယ်ဖြစ်နေတယ်"ဟု ကိုသန့်စင်က ဆိုသည်။ "စက်မှုဇုန်တွေက အရင်ကထက်စာ ရင်တော့ တိုးတက်လာတာ သိသာ တယ်။ ရင်းနှီးမြှုပ်နှံ လိုသူတွေ ၀င်လာ တာရယ်၊ လုပ်ငန်းသေးရော၊ လုပ်ငန်း ကြီးရောပေါ့။ အငှားတွေလည်း တက် လာတယ်။ အခြေခံအဆောက်အအုံ ပိုင်းမှာလည်း ပိုပြီး ဖွံ့ဖြိုးလာတယ်" ဟု လှိုင် သာယာမြို့နယ်အခြေစိုက် ကိုးကန့် ဟွာကွေ့ အိမ်၊ ခြံ၊ မြေအကျိုးဆောင်မှ
ကိုဝင်းမောင်က ပြောသည်။
 
ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူ တို့ ရွေးချယ်သော စက်မှုဇုန်များမှာမူ ၎င်းတို့နှစ်သက် သော နေရာနှင့် သုံးစွဲ လိုသော ငွေကြေးပမာဏအပေါ်မူတည် ၍ ကွဲပြားကြောင်း ၎င်းက ပြောသည်။ ဖွံ့ဖြိုးဆဲ စက်မှုဇုန်များအနေဖြင့်မူ ရွှေလင်ပန်းစက်မှုဇုန်နှင့် ဒဂုံအရှေ့စက်မှုဇုန်တို့ကို စိတ်ဝင် စားသူများပြားသည်ဟု ဆိုသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအဖြစ် ယခင်ကတည်းက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သော တရုတ် နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့သာမက ဂျပန်နိုင်ငံ၊ ကိုရီးယား နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ အပြင် ရင်းနှီးမြှုပ်နှံသူအသစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ ၀င်ရောက်လာ သည်ဟု ၎င်းတို့က ပြောသည်။


ဆက်စပ်သတင်းများ>>>ပြည်တော်ပြန်သင့်ပြီလား!

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!