Popular Posts!

Wednesday, July 10, 2013

ကိုယ်အလေးချိန် လျှော့ချရေး သဘာဝ နည်းလမ်း ၁၀ ဖြာ

YTalk


သင့်ကျန်းမာရေး အတွက် ကိုယ်အလေးချိန် လျှော့ချရေး သဘာဝ နည်းလမ်း ၁၀ ဖြာ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်.

၁)အသီးအနှံနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက် တွေဟာ ကယ်လိုရီ အနည်းငယ်သာ ပါဝင်တဲ့ အစားအစာတွေ ဖြစ်ပါတယ်... ဒါကြောင့် အဝလွန်တဲ့ သူတွေဟာ ဒီအစားအစာ တွေကို မကြာခဏ ပိုစားသင့်ပါတယ်....

၂)ဆားဟာ ခန္ဓာကိုယ် အလေးချိန် တိုးမြင့်ရတဲ့ အဓိက အကြောင်းတစ်ရပ် ဖြစ်တာကြောင့် ဆားအလွန်အကျွံ စားသုံးခြင်း ကလည်း ရှောင်ကျဉ်ရပါမယ်....

၃)နို့ထွက် ပစ္စည်းတွေဖြစ်တဲ့ ဒိန်ခဲတွေ ထောပတ်တွေ ဟာလည်း အဆီဓာတ် ကြွယ်ဝတာကြောင့် ရှောင်ကျဉ် သင့်ပါတယ်... အသားနဲ့ အသီးအရွက် မဟုတ်တဲ့ အစားအစာ တွေကိုလည်း ရှောင်ကျဉ် သင့်ပါတယ်...

၎)ဂျင်းစိမ်း၊ သစ်ကြမ်းပိုးခေါက်နဲ့ ငရုတ်ကောင်းမှုန့် စတာတွေဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ နည်းလမ်း အမျိုးမျိုးနဲ့ အသုံးဝင်ပါတယ်....

၅)ဘူးခါးမျိုးတွေနဲ့ ဒန့်ဒလွန်သီး တွေလို အသီးအနှံမျိုး တွေဟာ ကိုယ်အလေးချိန် လျှော့ချဖို့ အသုံး တည့်ပါတယ်...

၆)ပျားရည် သောက်သုံးခြင်းဟာ အကောင်းဆုံး အိမ်တွင်းဖြစ် ကိုယ်အလေးချိန် လျှောချရေး နည်းလမ်း တစ်ရပ်ဖြစ်ပါတယ်.. ပျားရည်ဟာ ခန္ဓာကိုယ် အတွင်းမှာ ရှိတဲ့ အဆီပိုတွေကို ပုံမှန်လုပ်ငန်းတွေမှာ သုံးနိုင်တဲ့ စွမ်းအင်အဖြစ် ထုတ်ယူ အသုံးပြုနိုင်အောင် လုပ်ဆောင် ပေးပါတယ်... ပျားရည်ကို စတင်သောက်သုံးတဲ့ အခါမှာ ထမင်းစားဇွန်း တစ်ဇွန်း အပြည့်လောက် ပမာဏကို ရေနွေးနဲ့ စသောက်သင့်ပါတယ်... မနက်ပိုင်းမှာ သောက်တာက ပိုကောင်းပါတယ်... ပြီးရင် လတ်ဆတ်တဲ့ ရှောက်သီးဖျော်ရည် လက်ဘက်ရည်ဇွန်း တစ်ဇွန်း လောက်ကိုလည်း ထပ်သောက်ရပါမယ်...

၇) ဂေါ်ဖီထုပ်ကိုလည်း ထိရောက်တဲ့ ကိုယ်အလေးချိန် လျှော့ချမှုမှာ ထည့်သွင်း ထားပါတယ်... ဂေါ်ဖီထုပ်ဟာ သကြားနဲ့ တခြားကာဘွန် ဟိုက်ဒရိတ်တွေကို အဆီအဖြစ် မပြောင်းလဲ သွားအောင် ကာကွယ်ပေးပါတယ်... ဒါကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ ဂေါ်ဖီထုပ်က အများကြီး အကျိုးရှိပါတယ်.... ချက်ပြုတ်ပြီးပဲ စားစား... အစိမ်းစားစား အဆင်ပြေပါတယ်...

၈)ကိုယ်အလေးချိန် လျှော့ချရေး စီမံချက်မှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ အလွန်အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါတယ်... ဒါ့အပြင် ကိုယ်ခန္ဓာရဲ့ ကြွက်သား တွေကို ပျော့ပြောင်းပြီး ကျန်းမာ သန်စွမ်း စေပါတယ်... ပထမဆုံး လမ်းလျှောက်ခြင်းနဲ့ စတင်သင့်ပြီး နောက်ပိုင်းမှာတော့ ပြေးတာ ရေကူးတာ လှေလှော်တာ တွေကို တစ်ဆင့်ခြင်း လုပ်သွား နိုင်ပါတယ်...

၉) သံပုရာရည်ကလည်း ကိုယ်အလေးချိန် လျှော့ဖို့ အကောင်းဆုံး နည်းလမ်း တစ်ခုဖြစ်ပါတယ်.. မနက်တိုင်း ဘာအစာမှမစားခင် သံပုရာရည် တစ်ဖန်ခွက်ကို ရေနွေးနဲ့ ပျားရည်တို့နဲ့ ဖျော်ပြီး သောက်သုံး ရပါမယ်...

၁၀)အစာမစားခင်တိုင်းမှာ သင်စားသောက်မယ့် ပမာဏကို တိုင်းတာပြီး တတ်နိုင်သမျှ အနည်းဆုံး ဖြစ်သင့်ပါတယ်... ဥပမာအားဖြင့် ထမင်းစားရမယ့် ပမာဏဟာ သင့်လက်ထဲမှာ ဆုပ်ထား နိုင်လောက်တဲ့ ပမာဏထက် မပိုသင့်ပါဘူး... အစာအနည်းငယ်ကိုပဲ ၄ နာရီ ၅ နာရီခြား တစ်ခါလောက် ပုံမှန်စားမယ်ဆိုရင် သင့်ကိုယ်တွင်း အစာခြေချက်မှု လုပ်ငန်းစဉ်က ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီး စားလိုက်တဲ့ အစားအစာကနေ အဆီတွေ ဖြစ်မလာအောင် ကာကွယ် ပေးနိုင်ပါလိမ့်မယ်... ပုံမှန်လေ့ကျင့်ခန်း ကိုလည်း နေ့စဉ်နေ့တိုင်း မဖြစ်မနေ လုပ်မယ်ဆိုရင်တော့ သင့်ကိုယ်အလေးချိန်ဟာ သိသိသာသာ ကျဆင်းလာမှာ ဖြစ်ပါတယ်...

နှိုင်းရင့်နွေမှ ဘာသာပြန်ဆိုသည်
Ref:thethtoolwin
 
 

ဗိုက်ခေါက်ထူ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက်

 
မိန်းခလေးဘဲ ဖြစ်ဖြစ် ယောင်္ကျားလေးဘဲ ဖြစ်ဖြစ်... အလှအပကို မြတ်နိုး တတ်ကြတာ...
သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ရက် အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေ လိုက်ပါတယ်...

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာ ရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ.. ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေး ရမှာပါ...

ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ... အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/ မိဂသီ/ ရှမ်းရိုးမ/ လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော် ထည့်ပြီး... မွှေပေးပါ...

အသုံးပြုနည်း

ညအိပ်ယာ ၀င်ခါနီးတိုင်း...... ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှ အောက်သို့ ဆွဲချပြီး အသားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်း ပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ....

(ယခုမိတ်ဆွေ.. ၃/၄ ယောက်လောက်မှ လက်တွေ့ လိမ်းနေပြီး... ကျေးဇူး တင်ကြောင်း... ထောက်ခံချက် ပေးလာသောကြောင့်... သူငယ်ချင်းတို့ကို မျှဝေလိုက် ပါတယ်)

မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ် စေပါတယ်...

တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်...

Myawady News

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!