Popular Posts!

Saturday, March 1, 2014

အ‌ရောင်းသမား‌ကောင်းတစ်‌‌ယောက်‌


ပြီးခဲ့တဲ့ တနင်္ဂနွေ ‌နေ့တုန်းက စာ‌ရေးသူတို့ ဇနီး‌မောင်‌နှံဟာ ‌မော်‌တင်‌က ‌ရွှေပုစွန်‌မှာ မုန့်‌စားဖို့ သွားခဲ့ပါတယ်‌။ ‌ရွှေပုစွန်‌‌ရှေ့မှာ ကားထိုးမယ်‌လုပ်‌‌တော့ လူတစ်‌‌ယောက်‌က ကားပါကင်‌ ပြ‌ပေးပါတယ်‌။ စာ‌ရေးသူလည်း ဆိုင်‌က ခန့်‌အပ်‌ထားတဲ့ ဝန်‌ထမ်းလို့ပဲထင်‌လိုက်‌ပါတယ်‌။ ကားရပ်‌ပြီးဆင်းလိုက်‌တဲ့အခါ အဲဒီလူက...

" အစ်‌ကို ထီထိုးပါဦး! ဒီမှာ အစ်‌ကို့ကားနံပါတ်‌ ၁၅၉၇ပါတယ်‌ " ဆိုပြီး‌ပြောလာပါတယ်‌။ ဒီ‌လောက်‌ အချိန်‌တိုအတွင်းမှာ သူဘယ်‌လိုများ ‌ရွေးထုတ်‌လိုက်‌တာပါလိမ့်‌ ။

 စာ‌ရေးသူလဲ မဆိုင်းမတွပဲ ဘယ်‌‌လောက်‌လဲ‌မေးပြီး ဝယ်‌လိုက်‌ပါတယ်‌။ စာ‌ရေးသူဝယ်‌လိုက်‌တာဟာ ကားပါကင်‌ပြလို့လည်းမဟုတ်‌ပါဘူး။ နံပါတ်‌လှလို့လည်း မဟုတ်‌ပါဘူး။ ထီ‌ရောင်းသမား‌လေး ရဲ့ မိမိအလုပ်‌‌ပေါ်မှာ အာရုံစူးစိုက်‌မှုကို အသိမှတ်‌ပြုလို့ပါ။ စာ‌ရေးသူ သူ့ဆီက‌နေ သင်‌ယူလိုက်‌ပါတယ်‌။

တကယ်‌‌တော့ ‌လောကကြီးတစ်‌ခုလုံးကို မားကက်‌တင်းလို့‌ခေါ်တဲ့ ‌ဈေးကွက်‌အမြင်‌နဲ့ ကြည့်‌မယ်‌ဆိုရင်‌ လူ ၂မျိုးပဲ ‌တွေ့ရပါတယ်‌။ အဲဒါက‌တော့ ‌ရောင်းသူနဲ့ ဝယ်‌သူပဲ ဖြစ်‌ပါတယ်‌။ ထူးဆန်းတာက‌တော့ ‌ရောင်းသူ‌တွေဟာ တစ်‌ချိန်‌မှာ‌တော့ ဝယ်‌သူ‌တွေဖြစ်‌‌နေပြီး ဝယ်‌သူ‌တွေဟာ တစ်‌ချိန်‌မှာ‌‌ရောင်းသူ‌တွေဖြစ်‌‌နေကြတာပါပဲ။ ဒီအချက်‌က စိတ်‌ဝင်‌စားစရာ ‌ကောင်းပါတယ်‌။ ‌အောက်‌ကပုံ‌လေးကို ကြည့်‌လိုက်‌ရင်‌ရှင်းသွားမှာပါ။

ဆရာမဟာ ‌နေမ‌ကောင်းတဲ့အခါ ဆရာဝန်‌ရဲ့ဝန်‌‌ဆောင်‌မှုကိုဝယ်‌ရတယ်‌။ ဆရာဝန်‌ဟာ ဆန်‌‌ရောင်းသူဆီက‌နေ ဆန်‌ကို ဝယ်‌ရတယ်‌။ ဆန်‌‌ရောင်းသူဟာ အပ်‌ချုပ်‌သမားဆီက‌နေ အင်္ကျီချုပ်‌တဲ့ ဝန်‌‌ဆောင်‌မှုကို ဝယ်‌ရတယ်‌။ အပ်‌ချုပ်‌သမားက ကန်‌ထရိုက်‌တာဆီက‌နေ တိုက်‌ခန်းဝယ်‌‌နေရတယ်‌။ ကန်‌ထရိုက်‌တာက ပရိ‌ဘောက‌ရောင်းသူဆီက‌နေ ပရိ‌ဘောဂ‌တွေ ဝယ်‌သုံးရတယ်‌။ ပရိ‌ဘောဂ‌ရောင်းသူက သူ့ရဲ့ က‌လေးအတွက်‌ ဆရာမဆီက‌နေ ပညာ‌ရေးဝန်‌‌ဆောင်‌မှုကို ဝယ်‌ရပြန်‌‌ရော။ ဆရာမ‌နေမ‌ကောင်းတဲ့အခါ. . . .

ဒီလိုနဲ့ အဝယ်‌စက်‌ဝန်းတစ်‌ပတ်‌လည်‌ပါ‌တော့တယ်‌။ ‌ပြောင်းပြန်‌ကြည့်‌ရ‌အောင်‌ . . . . ဆရာမက ‌ပရိ‌ဘောဂ ‌ရောင်းသူရဲ့က‌လေးဆီကို ပညာ‌ရေးဝန်‌‌ဆောင်‌မှုကို‌ရောင်းတယ်‌။ ပရိ‌ဘောဂ‌ရောင်းသူက ကန်‌ထရိုက်‌တာကို ပရိ‌ဘောဂ‌ရောင်းတယ်‌။ ကန်‌ထရိုက်‌တာက အပ်‌ချုပ်‌သမားကို တိုက်‌ခန်း‌ရောင်းတယ်‌။ အပ်‌ချုပ်‌သမားက ဆန်‌‌ရောင်းသူဆီကို အင်္ကျီချုပ်‌တဲ့ ဝန်‌‌ဆောင်‌မှုကို‌ရောင်းတယ်‌။ ဆန်‌‌ရောင်းသူက ‌ဆရာဝန်‌ဆီကို ဆန်‌‌ရောင်းတယ်‌။ ဆရာဝန်‌က ဆရာမဆီကို ကျန်းမာ‌ရေးဝန်‌‌ဆောင်‌မှုကို ‌ရောင်းရပြန်‌တယ်‌။

ဒီလိုနဲ့ အ‌ရောင်းစက်‌ဝန်းလည်းတစ်‌ပတ်‌လည်‌ပြန်‌တယ်‌။ ဒီ‌တော့ကာ စာ‌ရေးသူတိုအားလုံးဟာ စားသုံးသူ တဖြစ်‌လဲ အ‌ရောင်းသမား‌တွေပါပဲ။ အခု ထီအ‌ရောင်းသမား‌လေးဆီက သင်‌ယူလိုက်‌ရတာ‌လေးကိုတင်‌ပြပါမယ်‌။ ဒါ‌လေးကိုသာ စာ‌ရေးသူတို အသုံးချနိုင်‌ရင်‌ဘဝမှာ‌အောင်‌မြင်‌မှာမုချ ‌အောင်‌မြင်‌မှာပါ။

၁။ မိမိစားသုံးသူကို ကူညီပါ။
သင်‌‌အောင်‌မြင်‌ချင်‌ရင်‌ သင့်‌ရဲ့စားသုံးသူကို ဘာကူညီရမလဲအမြဲ စဉ်းစား‌နေရပါမယ်‌။ အရှုံးအမြတ်‌မတွက်‌ပါနဲ့။ ထီအ‌ရောင်းသမား‌လေးဟာ စာ‌ရေးသူကို ကားပါကင်‌ပြ‌ပေးခြင်းဖြင့်‌ ကူညီခဲ့ပါတယ်‌။ ထီ‌ရောင်းချင်‌တာလည်းပါတာ‌ပေါ့။ ဒါ‌ပေမဲ့ ကူညီပြီးမှ မဝယ်‌ရင်‌ဘယ်‌လိုလုပ်‌မလဲ။ အဲဒီအ‌တွေးကို ‌ဖျောက်‌လိုက်‌ပါ ။စိတ်‌ရင်းနဲ့ကူညီလိုက်‌ပါ။ ‌သေချာ‌ပေါက်‌အကျိုးရှိပါလိမ့်‌မယ်‌။ လုပ်‌ကြည့်‌ပါ။

၂။ စားသုံးသူကို ထုတ်‌ကုန်‌နဲ့ တွဲမြင်‌ပါ။
စားသုံးသူတစ်‌‌ယောက်‌ မိမိဆိုင်‌ထဲဝင်‌လာတဲ့အခါ သာမန်‌အ‌ရောင်းသမားဟာ စားသုံးသူတစ်‌ခုခုဝယ်‌ယူဖို့‌မျှော်‌လင့်‌တတ်‌ပါတယ်‌။ အ‌ရောင်းသမား‌ကောင်းတစ်‌‌ယောက်‌က‌တော့ စားသုံးသူကိုမြင်‌တာနဲ့ သူ့ကို ဘာ‌ရောင်းရမယ်‌ဆိုတာကို ဆုံးဖြတ်‌ပြီးသားဖြစ်‌‌နေတတ်‌ပါတယ်‌။ ထီအ‌ရောင်းသမား‌လေးဟာ စာ‌ရေးသူ ကား‌ပေါ်ကမဆင်းခင်‌မှာကတည်းက စာ‌ရေးသူကို‌ရောင်းမယ့်‌ ထီလက်‌မှတ်‌ကို ‌ရွေးထုတ်‌ပြီးသားဖြစ်‌‌နေနှင့်‌ပါပြီ။ အခိုက်‌အတန့်‌‌လေးအတွင်းမှာ‌နော်‌။ တကယ်‌လို့သာ သူဟာ ထီလက်‌မှတ်‌‌တွေအများကြီးပြလာပြီး တစ်‌‌စောင်‌‌လောက်‌ထိုးပါဆိုရင်‌ လုံးဝ လုံးဝ ထိုးဖြစ်‌မှာမဟုတ်‌ပါဘူး။ အစကတည်းကထီထိုးဖို့သွားခဲ့တာမှမဟုတ်‌တာ။

၃။ စားသုံးသူကို နည်းနည်းပို စိတ်‌ဝင်‌စားလိုက်‌ပါ။
ဒါဘာမှ အပန်းမကြီးပါဘူး။ သူဘာဝတ်‌လာသလဲ။ ဘာကိုင်‌လာသလဲ။ ဒါဟာ သူ့ကို ဘာ‌ရောင်းရမလဲဆိုတာ ဆုံးဖြတ်‌ဖို့ အ‌ထောက်‌အကူဖြစ်‌ပါတယ်‌။ ထီအ‌ရောင်းသမား‌လေးဟာ စာ‌ရေးသူရဲ့ကားနံပါတ်‌ကို စိတ်‌ဝင်‌စားလိုက်‌တာဟာ သူ‌ရောင်းမယ့်‌နံပါတ်‌ကို ‌ရွေးချယ်‌ဖို့ တွန်းအား‌ပေးလိုက်‌တာပါပဲ။ လူဆိုတာ ကိုယ့်‌ကို စိတ်‌ဝင်‌စားတဲ့လူကို ပို အခွင့်‌အ‌ရေး‌ပေးတတ်‌တာသဘာဝပါ။ ကျွန်‌‌တော်‌တို့အ‌ရောင်းသမား‌တွေပါ။ ကျွန်‌‌တော်‌တို့ ‌နေ့စဉ်‌ လုပ်‌ငန်းခွင်‌ ဘဝထဲမှာ ‌အောင်‌မြင်‌ဖို့ ဒီနည်း‌လေး‌တွေနဲ့ကြိုးစားကြည့်‌ကြပါစို့။.....




:: အောင်မြင်သော ဘ၀တစ်ခု၏ သင်္ကေတများ :::


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




…ဆရာဒေါက်တာခင်မောင်ညို(ဘောဂဗေဒ)ဘာသာပြန်ဆိုထားတဲ့စာအုပ်ထဲက အောင်မြင်သောဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက် သတိပြုသင့်တဲ့အချက်လေးနဲ့ ထားရှိရမည့်စိတ်ထားတွေကို မျှဝေ ပေးလိုက်ပါတယ်.




(၁) အောင်မြင်ခြင်း၏ တည်နေရာ…




…ဘ၀မှာအောင်မြင်မှုဆိုတာ ကိုယ့်ရဲ့ခံစားမှုနဲ့ ကိုယ့်ရဲ့အတွေးပေါ်

မူတည်ပါတယ်. ကိုယ့်ခံစားချက်. ကိုယ့်အတွေးဆိုတာကလည်း

ကိုယ့်စွမ်းအားကို ဘယ်လိုအသုံးချတယ်ဆိုတဲ့အပေါ် မူတည်ပါတယ်.

ငွေရေးကြေးရေးအချိန်တွေလိုဘဲ ကိုယ့်ရဲ့စိတ်စွမ်းအားဟာလည်း အရေးပါတဲ့ စွမ်းအားတစ်ခုဖြစ်ပါတယ်.





(၂) ပေးသူလား. ယူသူလား…




…လောကမှာလူနှစ်မျိုးရှိတယ်. ပေးသူနဲ့ယူသူဖြစ်တယ်.

…အောင်မြင်သူတွေဟာ ရှိသူ.ယူသူတွေလို့ထင်ကြတယ်.

…တကယ်တော့ အောင်မြင်သူတွေဟာ ပေးသူတွေဖြစ်ကြပါတယ်.




(၃) မတူထူးခြားတဲ့နေ့…




…ဒီနေ့ဟာ ကံမကောင်းပြန်ဘူးလို့ မပြောနဲ့

…ဒီနေ့ဟာ တစ်ခြားနေ့တွေနဲ့မတူ ခြားနားတဲ့နေ့ဖြစ်တယ်.




(၄) အပင်ပန်းမခံပါနဲ့




…မျက်မှောင်ကြုတ်ရန်အတွက် ကြွက်သား(၆၅)ခုလိုသော်လည်း ပြုံးရန်အတွက် ကြွက်သား(၁၀)ခုမျှသာ အသုံးပြုရသည်.




(၅) သတိ…




…သူတစ်ပါးနောက်ကွယ်မှာ မကောင်းမပြောပါနဲ့. များများချီးကြူး. နည်းနည်း ဝေဖန်. ထမင်းစားချိန်မှာ ငြင်းခုံစရာ မပြောပါနှင့်.

…အိပ်ရာမ၀င်ခင်မှာ အငြင်းပွားစရာ ရှောင်ပါ.

…အလုပ်အားလပ်ရက်မစမှီ ပြဿနာမရှာပါနှင့်.

…သင်က ခဏလေးအတွင်းမှာ မေ့သွားမှာဖြစ်ပေမဲ့ တစ်ခြားသူတွေက တစ်သက်လုံး ချမှတ်သွားမယ့်စကားဆိုးတွေကို မပြောပါနဲ့.





(၆) ပိုပျော်ရသူ…




…လက်ဆောင်တွေဟာ ရသူကိုသာ ကျေနပ်ပျော်ရွှင်စေတာမဟုတ်. ပေးသူကို ပိုပြီးပျော်ရွှင်ချမ်းမြေ့စေပါတယ်.




(၇) အောင်မြင်မှုနောက်က မအောင်မြင်မှုများ…




…စိတ်အနှောက်အယှက်ဖြစ်စရာတွေဟာ အလုပ်တွေများနေရင်လည်း ဖြစ်တတ်တယ်. အချိန်မရှိရင်လည်းဖြစ်တတ်တယ်. အောင်မြင်မှုမရလို့လည်း ဖြစ်နိုင်တယ်.

…အချိန်တိုအတွင်းမှာ အောင်မြင်မှုအများကြီးရရင်လည်း ဖြစ်နိုင်တယ်. အောင်မြင်လေ. နာမည်ကျော်လေ. လူတွေဝိုင်းလေ ခင်ဗျားဆီက တစ်ခုခုကို ရယူဖို့ ကြိုးစားလေ. စိတ်အနှောက်အယှက်ပိုဖြစ်ရလေဘဲ.





(၈) တောင်ထိပ်က သစ်တစ်ပင်…




…အမြင့်ရောက်လေ လေတိုးလေ. ဌာနအကြီးအကဲဖြစ်လေ လူသိလေ. လူမြင်လေ. အတိုက်အခိုက်ပိုများလေ. အားလုံးရဲ့ပစ်မှတ်ဖြစ်လေ.

…တစ်ယောက်ရဲ့အောင်မြင်မှုဟာ တခြားလူတွေအတွက် အားကျစရာ. အတုယူစရာ. မနာလိုစရာ. စိတ်အနှောက်အယှက် ဖြစ်စရာတွေ ဖြစ်သွားတတ်တယ်.

…အောင်မြင်ပြီဆိုရင် မနာလိုတာခံရမယ်.




(၉) စေတနာ နောင်တ…




…သင့်ရဲ့စေတနာ သဒ္ဓါတရားက တစ်ခြားလူတစ်ယောက်ရဲ့ ၀န်ထုပ်ဝန်ပိုးကို လျော့ပါးစေနိုင်တယ်.

…ဒီအကျိုးကျေးဇူးဟာ ပြန်လည်တုန့်ပြန်လာတတ်ပါတယ်. ပေးသင့်တာ. ရက်ရောသင့်တာထက်ပိုပြီး ပေးလိုက်မိတယ်လို့ ဘယ်တော့မှ နောင်တမရပါနဲ့.




မြန်မာတိုင်းဂျာနယ် (၂၉.၁.၁၀)မှ အောင်မြင်မှုနဲ့ ပတ်သက်ပြီး မှတ်သားစရာလေးပါ တွဲပြီးမျှဝေပေးလိုက်ပါတယ်.




(၁၀)…အောင်မြင်မှုရဖို့ ပြင်းပြတဲ့စိတ် (Burning Desire) နဲ့ အားထုတ်မှု (Effort) ကသာ အဓိကပါ. “ပညာလိုအိုသည်မရှိ” ဆိုရိုးစကားရှိသလို ပညာရဖို့အတွက် ငွေကြေးပြည့်စုံမှ ဖြစ်မယ်ဆိုတာ မေးခွန်းထုတ်စရာတစ်ခုပါ.




…တကယ်တော့ ပညာဘဲဖြစ်ဖြစ်. လိုချင်တာတစ်ခုကိုဘဲဖြစ်ဖြစ် ရလိုချင်တဲ့ ပြင်းပြ တဲ့ဆန္ဒကသာ အဓိကဖြစ်ပါတယ်. လူတစ်ယောက်ချင်းစီမှာရှိတဲ့ ကံအကျိုးပေးက တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး.




…တစ်ချို့လူတွေက အောင်မြင်မှုတစ်ခုဆီရောက်ဖို့ အဘက်ဘက်က ပံ့ပိုးမှုတွေ ရသလို အချို့ကျတော့လည်း အခက်အခဲမျိုးစုံကြားမှာ ကိုယ့်အားကိုယ်ကိုး ကြိုးစားကြရပါတယ်.




…အောင်မြင်မှုဆိုတာ ဘယ်သူသာပိုင်စေဆိုပြီး သတ်မှတ်ထားတဲ့အရာ မဟုတ်ပါဘူး. ချမ်းသာဆင်းရဲမရွှေး. မျက်နှာကြီးငယ်မလိုက်ဘဲ ကြိုးစား အားထုတ်မှုရှိသူသာ ခံစားနိုင်တဲ့အရာမျိုးပါ.




…အောင်မြင်သောဘ၀တစ်ခုကို တည်ဆောက်နိုင်ကြပါစေ.




https://m.facebook.com/photo.php?fbid=636001536437366&id= 506693342701520&set =a.506719929365528.1073741828.506693342701520&source=48


Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!