Popular Posts!

Sunday, February 10, 2013

ဆီးမီးကွန်ဒတ်တာ စီးပွားရေးလုပ်ငန်းအကြောင်း

ဆီးမီးကွန်ဒတ်တာ စီးပွားရေးလုပ်ငန်းအကြောင်းကို burmeseamericasingapore blogs မှာတွေ့လို့ကူးယူဖော်ပြလိုက်တာပါ...

ATTITUDE: အမေရိကန်လူမျိုး CEO လာလုပ်သော စင်ကာပူ CSM အကြောင်း

ကျွန်တော် Singapore Technology CSM မှာအလုပ်လုပ်စဉ်က လစာ တနှစ် ဒေါ်လာ ၁၀သန်းခန့်ရတဲ့ CEO Barry Waite (US Citizen, Scottish)၊ ၃လပတ် အစည်းအဝေးတခုတွင် ကုမဏီတခုလုံးကို ပြောခဲ့ခြင်းအား အမြဲအမှတ် ရနေပါသည်။

ကုန်ထုတ်လုပ်ငန်းလုပ်ရာတွင် ကုန်ကြမ်း၊ စက်ပစ္စည်၊ လူသား နှင့် နည်းစနစ် ပေါင်းစပ်သည့် Process တခုမှ ကုန်ချောဖြစ်သော Fabricated Silicon Wafer ထွက်လာရသည်။ သူက လူနားလည်းသော ထမင်းချက် Hotel Cook နှင့်နှိုင်းယှဉ်ပါသည်။

စားဖိုမှုးများအကြောင်း
သူတို့ကို ချက်ပြုတ်ရန်အတွက် Raw Material ကုန်ကြမ်းပစ္စည်းများ အတူတူ၊ Cooking Tools ချက်ပြုတ်သည့်ပစ္စည်းကရိယာများလည်း အတူတူ၊ ချက်သည့်၊ Time & Location အချိန်နေရာလည်း အတူတူ၊ Recipe ချက်ပြုတ်သည့် နည်းစနစ် လည်းအတူတူ ပေးပြီး ချက်ပြုတ်ခိုင်းသည်။ ချက်ပြုတ်ပြီး တယောက်နှင့်တယောက် မတူသည့် စားသောက်ဖွယ်ရာရရှိသည်။ အားလုံးအတူတူဖြစ်ပါရက် ဘာကြောင့် သူတို့ချက်ပြုတ်သော စားသောက်ဖွယ်ရာ များအဘယ်ကြောင့် ညံ့သည်၊ ကောင်းသည် ဖြစ်နေရပါသနည်း။

အဖြေမှာ .. ချက်ပြုတ်သော စားဖိုမှုးမတူသောကြောင့်ဖြစ်သည်။

စားဖိုမှုး၏ Attitude ကောင်းပါက၊ သူချက်ပြုတ်သော စားသောက်ဖွယ်ရာများမှာ စားကောင်းမည်ပင်ဖြစ်သည်။ စားဖိုမှုးသည် စားသောက်မည့်လူများကို စားသုံးသူများကြိုက်အောင် စေတနာစိတ်ဖြင့် ကြိုးစားမှုရှိရပါမည်။

စိတ်ရင်းစေတနာ (ATTITUDE)

A=1, B=2, ...Y-25, Z=26 စသဖြင့်သတ်မှတ်ပါက၊ HARDWORK = 98, KNOWLEDGE=96, LOVE=54, LUCK=47, MONEY=89 ရရှိမည်ဖြစ်သည်။ ATTITUDE=100% ရမည်ဆိုသော ကျော်ကြားသည့်၊ ဖေါ်မြူလာမှာ အလွန်ရေပန်းစားလှပါသည်။ ကောင်းမွန်သော အကျင့်ကောင်းများ Good Attitude သို့ ပြောင်းလဲရန် ဖြစ်သည်။


CSM (now) Global Foundries အကြောင်း


၁၉၉၇ ကမ္ဘာ့စီးပွားရေးကပ်ကြီးဖြစ်စဉ် ကျွန်တော်တို့ CSM သည် အကြီးအကျယ်ရှုံးက၊ အနောက်နိုင်ငံများမှ ပစ္စည်းအမှာစာ P.O မရတော့ပဲ၊ စက်ရုံလည်ပတ်ရေးပင် အကြီးအကျယ် အခက်အခဲရှိနေစဉ်ဖြစ်သည်။ လက်ရှိ စင်ကာပူလူမျိုး CEO Tan Bauk Seng အားအနားပေးလိုက်ပြိး၊ Motorola VP အမေရိကားမှာ နာမည်ရှိ၊ စေတနာစိတ်ရှိသော၊ စီးပွားရေးအမြင်ရှိသော Barry Wiate ကို ခေါ်ယူခန့်အပ်သည်။

ယခုတိုင်မြင်ယောင်ပါသေးသည်။ သူရောက်ကာစ ကုမဏီအ၀င်ပေါက်ဝတွင် လုံခြုံရေးကုလား လူသစ်တဦးက သူ့ကိုအ၀င်မခံပဲ၊ ၁၀မိနစ်မျှ စစ်ဆေး၊မေးမြန်း၊ ဟိုဖုန်းဆက်၊ သည်ဖုန်းဆက် လုပ်ခံရစဉ် ကျွန်တော်ကတော့ သူ့ကို CEO အကြီးဆုံးမှန်းသိသည်။ Security new staff ကမသိ၊ သူကလည်း အေးအေးဆေးဆေးပင် အစစ်ဆေးခံသည်။ Security
တာဝန်ကို လေးစားလိုက်နာပါသည်။

သူဦးဆောင်မှုဖြင့် စက်ရုံပစ္စည်းအော်ဒါ PO ရှိလာပြီး၊ ပုံမှန်ပြန် လည်ပတ်နိုင်လာသည်။ နောက်တနှစ်အတွင်း သူ့မိတ်ဆွေ အမေရိကန်များစွာ ကျွန်တော်တို့ကုမဏီတွင် Expat Salary ဖြင့်ရောက်လာကြသည်။ Berry Whate နှင့် အမေရိကန်များ စုပေါင်းကာ CSM ကုမဏီကို အမေရိကန် Nesdaq စတော့ရှယ်ရာဈေးကွက်တွင် Public Listing အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ ဈေးကွက်တွင် ရှယ်ယာတခုကို US$5.00 ဖြင့်ရောင်းချခဲ့ရာ တကမ္ဘာလုံးက စင်ကာပူ၊အမေရိကန်ပူပေါင်းသော CSM Foundry Silicon Wafer - Semiconductor business ကို ၀ိုင်းဝန်းအားပေးကြသောကြောင့် ဈေး ၄ဆအထိ တက်သွားခဲ့သည်။ အမေရိကန်များနှင့် စင်ကာပူလူမျိုးများစွာက ဒေါ်လာ ဘီလျှံနှင့်ချီသော ရှယ်ရာများကို အမြက်ရလိုဇောဖြင့် ၀ယ်ယူခဲ့ကြသည်။ အလွန်အောင်မြင်သော High Level Investment from People ဖြစ်ပါသည်။ တနည်းအားဖြင့် လူထုထံမှငွေပိုငွေလျှံများကို အစိုးရကလှည့်ယူခြင်းပင်ဖြစ်သည်။

CEO Barry Waite နှင့် American Motorola Team အားဖြင့် CSM နှင့် စင်ကာပူစီးပွားရေးကို မြှင့်တင်နိုင်ပြီး သူတို့အဖွဲ့လည်း၊ ဆုကြေးဒေါ်လာသန်းပေါင်းများစွာပိုက်ကာ အနားယူသွားသည်။ သူတို့လစာကလည်း များတော့ ဆုကြေးပေး၊ အနားပေးလိုက်ပုံရပါသည်။ နောက် CEO လက်ထက်တွင် 2007 တွင် ကမ္ဘာ့စီးပွားကပ် ဆိုက်လာပြန်သည်။ အမေရိကန်အကြီးဆုံး City Bank စင်ကာပူသို့ ၀င်လာအောင် CSM မှ လမ်းခင်းပေးခဲ့သည်။ ယခင် လူစည်းကားနေရာများတွင် စကာပူ DBS, POSB, UOB, OCBC ဘဏ်များသာ နေရာရခဲ့သည်။၂၀၀၇ နောက်ပိုင်းတွင် စီးပွားရေးယိမ်းယိုင်လာပြန်သော CSM နှင့် စင်ကာပူအစိုးရထံ ဒေါ်လာဘီလျှံများစွာ ငွေချေးပေးသည်။ အပြန်အလှန်အားဖြင့် အမေရိကန် City Bank ကြီးသည် စင်္ကာပူတွင် Public Bank အဖြစ် အခြေချခွင့်ရရှိခဲ့သည်။ Citibank ATM များ စင်ကာပူအနှံ နေရာရရှိသွားခဲ့သည်။

မှတ်ချက်။ CSM သည် Sep 2009 တွင် Global Foundries အဖြစ်နာမည်ပြောင်းကာ၊ ယူအေအီး၊ အဘူဒါဘီအစိုးရ Abu Dhabi's ATIC နှင့် အမေရိကန်ရင်းနှီးမြုတ်နှံမှုအဖွဲ့က အပြီးဝယ်ယူသွားပြီ ဖြစ်သည်။ CEO Barry Whate (62 yrs @ 2012) သည် စကော့တလန်ပြန်ပြီး၊ ကုန်တိုက်လုပ်ငန်းဖြင့် အေးဆေးစွာ နေထိုင်သည်ဆိုသော်လည်၊ ဒူဘိုင်းအစိုးရမှာ ရင်းနှီးမြှတ်နှံမှုဆိုင်ရာ အကြံပေးအဖြစ်လုပ်ကိုင်ဆဲဖြစ်သည်။ Forbes အရ နှစ်စဉ် ဒေါ်လာ သိန်းဂဏန်းဝင်ငွေဖြင့် Kulicke & Soffa Industries, Inc တွင် ဒါရိုက်တာအဖြစ်လည်း လုပ်ကိုင်နေဆဲဖြစ်သည်။ သူတည်ထောင်ခဲ့သော CSM ရှယ်ယာဝယ်ထားသူများအား လျှော့ဈေးဖြင့် ငွေပြန်အမ်းလိုက်ပြီး ဆိုသော CSM အမည်ကိုအပြီးဖျောက်၊ Nasdaq တွင်လည်း အစဖျောက် မြုတ်နှံသဂြိုလ်လိုက်ပြီဖြစ်သည်။

ဇော်အောင်
၆-မေ-၂၀၁၂

အောက်ပါဆောင်းပါးသည် ဆီမီးကွန်ဒတ်တာလုပ်ငန်းဖြစ်သောကြောင့် မြန်မာနိုင်ငံတွင်ပေါ်ပေါက်လာရေးအတါက် ၁၀နှစ်အတွင်း မဖြစ်နိုင်သေးပါ။ သို့သော် ပြည်ပရောက် မြန်မာများစွာ လုပ်ကိုင်နေသောကြောင့် စိတ်ဝင်စားသူများအတွက် အခြေခံများသာ ဖြစ်သည်။ မြန်မာပြည်ပြုပြင်ပြောင်းလဲမှုအတွက် သမ္မတဦးသိန်းစိန် ၁၁-မေ-၂၀၁၂ မိန့်ခွန်းကို သမ္မတရုံးဝက်ဆိုဒ်တွင် ဖတ်ရှုရန် ..။ Click Here - http://www.president-office.gov.mm


wpe11.jpg (20314 bytes)

သမိုင်း။
၁၉၄၇ ခုနှစ်တွင် အမေရိကန် သိပ္ပံပညာရှင် သုံးဦးမှ ထရန်စစ္စတာ ကိုတီထွင်ခဲ့ပြီး၊ ဆီမီးကွန်ဒတ်တာ ခောတ်ကို စတင်ခဲ့ပြီးနောက်၊ ထရန်စစ္စတာ အခြေခံသော အိုင်စီ များကို ကို ဂေါ်ဒွင်မိုး နှင့် ရောဘတ် နွိုင်း တို့၏ အင်တဲလ် ဟုခေါ်သော ကုမ္ပဏီမှ ၁၉၆၈ နောက်ပိုင်းတွင် အကြီးအကျယ် အောင်မြင်စွာ စီးပွားဖြစ်ထုတ်လုပ်ခြင်း စတင်ခဲ့ပါသည်။

လက်ရှိ ကမ္ဘာ့ ဆီးမီးကွန်ဒတ်တာ ဈေးကွက်။
လက်နက်လုပ်ငန်း၊ ရေနံ နှင့် ဓါတ်ငွေ့ စွမ်းအင်လုပ်ငန်း၊ ဘဏ် ငွေကြေးလုပ်ငန်း နှင့် အစားအသောက် လုပ်ငန်းများ စသည့် တို့နည်းတူ ဆီးမီးကွန်ဒတ်တာ လုပ်ငန်းသည် ကွန်ပြူတာခေတ်ကြီးတွင် အလွန်အံ့သြဖွယ်ကောင်းအောင် လျင်မြန်၊ ကြီးထွားလာပါသည်။ မည်မျှ တန်ဘိုးရှိသနည်း ဆိုသည်ကို စတော့ရှယ်ယာ တန်ဘိုးအရ ဆိုလျှင် အမေရိကန် ဒေါ်လာ ဘီလျှံပေါင်း ၄၃၈၃ ရှိပါသည်။ ကမ္ဘာ့ အချမ်းသာဆုံး

သူဌေးကြီး ဘီးလ်ဂိတ် မှာ ဘီလျှံ ၈ဝ ခန့်သာ ချမ်းသာပါသည်။ ကွန်ပြူတာ မိုက်ကရို ပရိုဆက်ဆာ ထုတ်သော အင်တဲ နှင့် အေအမ်ဒီတို့မှာ ဦးဆောင် ကုမ္ပဏီကြီး နှစ်ခု ဖြစ်သော်လည်း အခြား ကုမ္ပဏီ များစွာတို့လည်း အင်အား ကြီးလှပါသည်။ စင်ကာပူတွင်ရှိသော အိုင်စီထုတ်လုပ်သည့် ကုမ္ပဏီ အကြီးများ၏ တန်ဘိုးမှာ ချာတာစီမီးကွန်ဒတ်တာ (၃ ဘီလျံ)၊ အက်စ်တီအမ် (၄ ဘီလျံ) စသဖြင့် တန်ဘိုးရှိပါသည်။ တိုင်ဝမ်တွင် စီမီးကွန်ဒတ်တာ စက်ရုံများစွာရှိပြီး၊ ထုံးစံအတိုင်း အမေရိကန်၊ ဂျပန်၊ ကိုးရီးယား နှင့် ဥရောပ နိုင်ငံများက ဦးဆောင်မှု အခန်းကို ယူထားကြပါသည်။
wpeB.jpg (46655 bytes)
အိုင်စီ အမျိုးအစားများ။
အိုင်စီ၏ အခြေခံပစ္စည်းများမှာ ထရန်စစ္စတာ၊ ဒိုင်အုတ်၊ ရီစစ္စတာ၊ အင်ဒတ်တာ၊ ကပက်စီတာ စသော ဆီမီးကွန်ဒတ်တာ စသည်တို့ဖြစ်သည်။ ယင်း ကွန်ပိုးနင့် ဟုခေါ်သော အစိတ်အပိုင်းများကို ရွှေ (သို့မဟုတ်) အလူမီနီယံ ကြိုးများဖြင့် ဆက်ပေးပြီး၊ အနက်ရောင် အပြားကလေးတွင် ထည့်ပေးထားခြင်းဖြစ်သည်။ အိုင်စီကို ယခုခေတ် လူတိုင်း လျှပ်စစ် ပစ္စည်းများတွင် မြင်တွေ့နိုင်ပါသည်။ ကင်းခြေမျှား ကဲ့သို့သော ပုံသဏန်ရှိပြီး၊ ယခု နောက်ဆုံးပေါ် အိုင်စီများမှာ မိုက်ကရွန် ထရန်စစ္စတာ ဘီလျှံ နှင့်ချီပြီး ပါဝင်ပါသည်။ အိုင်စီအမျိုးအစားကို အနာလော့အိုင်စီ၊ လော့ဂျစ် အိုင်စီ၊
Analog, Logic, High Voltage IC, RF IC, CMOS, BMOS, NMOS ..etc စသည်တို့အပြင် ယခု အရမ်းခေတ်စားနေသော မှတ်ဥာဏ် အိုင်စီ (Memory IC) အမျိုးအစားမှာလည်း မြောက်များစွာရှိပါသည်။ ထို မှတ်ဥာဏ် အိုင်စီများမှာ ကွန်ပြူတာ၊ ဓါတ်ပုံ ကင်မရာ၊ ဗီဒီယိုကင်မရာ စသည့် လူသုံးကုန် အီလက်ထရွန်းနစ် ပစ္စည်းများတွင် ပုံစံအမျိုးမျိုးဖြင့် အသုံးချနေကြပါသည်။
wpeC.jpg (15315 bytes)
wpeD.jpg (18090 bytes)
wpeE.jpg (19322 bytes)
အိုင်စီ ထုတ်လုပ်သော ကုမ္ပဏီများ။ (Wafer Fab)
ယခု ကမ္ဘာတွင် ကုမ္ပဏီကြီးတိုင်းတွင် မိမိတို့ ပစ္စည်းအတွက် သုံးသော မိုက်ကရို ပရိုဆက်ဆာ
Microprocessor, Controler, Memory စသည်တို့အတွက် မိမိတို့ကိုယိတိုင် ဒီဇိုင်းပြီး၊ မိမိတို့ပိုင် စက်ရုံများတွင် ထုတ်လုပ်နေကြပါသည်။ လူသိများသော အိုင်စီ ကုမ္ပဏီများမှာ ကွန်ပြူတာဆိုင်ရာ ကုမ္ပဏီများ ဖြစ်သော Intel, AMD, IBM တို့ဖြစ်ကြပြီး၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်သော HP, Phillips, Sony, Simen, Toshiba, Motorola, Sumsung စသော ထင်ရှားသည့် ကုမ္ပဏီကြီးများသည်လည်း အိုင်စီထုတ်လုပ်သော စက်ရုံများစွာ ပိုင်ဆိုင်ကြပါသည်။ ထို အိုင်စီ ထုတ်လုပ်သော စက်ရုံများကို (Wafer Fab - Fabrication Factory) ဟုခေါ်ပါသည်။

wpeF.jpg (19965 bytes)
wpe10.jpg (29145 bytes)
လက်ရှိ အိုင်စီ စက်ရုံများ။
ကုမ္ပဏီကြီးများမှာ ကိုယ်တိုင် ဒီဇိုင်းလုပ်ခြင်း
(R & D) နှင့် အိုင်စီ အမြောက်အများ ထုတ်လုပ်ခြင်းအတွက် မိမိတို့ပိုင်သောစက်ရုံနှင့် အလျင်အမြန် မထုတ်လုပ်နိုင်သောကြောင့်တကြောင်း၊ အိုင်စီစက်ရုံမှာ အလွန်ကြီးမားစွာ ရင်းနှီးရသောကြောင့်တကြောင်း ကန်ထရိုက်လုပ်သော ဃသညအမခေအ Contract Manufacturer ဟုခေါ်သော တဆင့်ခံ ကုမ္ပဏီများကို ဆပ်ကန်ထရိုက်ပေး၍ လုပ်ကိုင်လာကြပါသည်။ အထူးသဖြင့် အမေရိကန်၊ ဥရောပ နှင့် ဂျပန် ကုမ္ပဏီကြီးများသည် တိုင်ဝမ်း၊ ကိုးရီးယား၊ စင်ကာပူ၊ မလေးရှား နှင့် ယခု ၂ဝဝ၆ တွင် တရုပ်ပြည်မကြီးတို့တွင် တဆင့် ငှားရမ်း ထုတ်ခိုင်းလာကြပါသည်။ ထို့ကြောင့် အရှေ့တောင်အာရှတွင် ဆီမီးကွန်ဒတ်တာ လုပ်ငန်းသည် စင်ကာပူ၊ မလေးရှားတို့တွင် ထွန်းကားလာပါသည်။
wpe12.jpg (32312 bytes)
wpe13.jpg (32853 bytes)
အထူးသဖြင့် တိုင်ဝမ်ရှိ SMC, UMC စသော ကုမ္ပဏီ နှစ်ခုနှင့် စင်ကာပူရှိ Chartered Semiconductor, တရုပ်ပြည်ရှိ SMIC နှင့် ကိုးရီးယားရှိ ဆပ်ကန်ထရိုက် ဆီးမီးကွန်ဒတ်တာ စက်ရုံများမှာ ၂ဝဝ၆ တွင် အထူးတိုးတက်လာခဲ့ပါသည်။ စင်္ကာပူရှိ Chartered Semiconductor ကုမ္ပဏီမှာ အစိုးရ ဦးဆောင်ကာ အမေရိကန်ကုမ္ပဏီကြီးများနှင့် ဖက်စပ်စီးပွားရေးလုပ်ကိုင်၍ အမေရိကန် စတော့ဈေးကွက်တွင် ပါဝင်ခွင့်ရသော အမေရိကန် ဒေါ်လာ သန်း ၃ဝဝဝ ခန့် တန်သော ကုမ္ပဏီကြီး တခုဖြစသည်။ စက်ရုံ ၅ ခုရှိပြီး ကမ္ဘာနိုင်ငံပေါင်း ၂၇ နိုင်ငံမှ အင်ဂျင်နီယာနှင့် အတတ်ပညာရှင် လေးထောင်ခန့် လုပ်ကိုင်နေကြပါသည်။ မြန်မာလူမျိုး ရန်ကုန်စက်မှုတက္ကသိုလ် ဆင်း အင်ဂျင်နီယာ ၃ဝ ခန့် နှင့် စင်ကာပူ ပိုလီ တက်ကနစ် ဆင်းသော အင်ဂျင်နီယာ ၉ဝ ခန့် လည်း အလုပ်လုပ်ကိုင်လျှက်ရှိပါသည်။ မြန်မာ ၂ ရာနှုံးခန့် ပါဝင်သော MNC Multi-National Company တခုဖြစ်ပါသည်။ မလေးရှားအစိုးရကလည်း အားကျမခံ အိုင်စီစက်ရုံများကို ထူထောင်ထားပါသည်။ စင်ကာပူတွင် အိုင်စီလုပ်ငန်းနှင့်ပတ်သက်သော ကုန်ကြမ်း၊ စက်အပိုပစ္စည်း၊ နည်းပညာ တတ်ကျွမ်းသူ များ စသည့် အင်ဖရာစထရပ်ချာ အခြေခံ ကောင်းနေပြီဖြစ်သောကြောင့် လူအင်အား ၁ဝဝဝ အထက်ရှိသော ကုမ္ပဏီများစွာ ဥပမာ၊STM, SSMC, Infineon, Agere, STATS-Chip Pac, UTAC, Micron, Syntronic စသည့် ဆီမီးကွန်ဒတ်တာ ကုမ္ပဏီ များစွာ တည်ထောင်ပြီးဖြစ်ပါသည်။ သို့သော် ကမBာ့အဆင့်နှင့် အတော်ဝေးနေသေးပြီး၊ အာရှ မှ တိုင်ဝမ်၊ ကိုးရီးယား တို့နှင့်ပင် မယှဉ်နိုင်သေးပါ။

စင်ကာပူ စက်ရုံ၏ လုပ်ငန်း သဘောသဘာဝ နှင့် ဝန်ထမ်းလစာငွေ
အထူးသန့်ရှင်းသော
Clean Room ဆိုသည့် အခန်းများတွင် အာကာသ ဝတ်စုံကဲ့သို့သော ဦးထုပ်၊ လက်အိတ်၊ အင်္ကျီ ဘောင်းဘီ ဆက်လျက်ဝတ်စုံ၊ ဖိနပ်၊ နှာခေါင်းစီး ပဝါများ ဝတ်ဆင်ရသောကြောင့်၊ စင်ကာပူ နိုင်ငံသားများသည် သိပ်မလုပ်ချင်ကြပါ။ မလေးရှား၊ တရုပ်ပြည်မ၊ အိန္ဒိယ နိုင်ငံများမှ အနည်းဆုံး ၁ဝ တန်းအောင် (သိုမဟုတ်) ဒီပလိုမာ လက်မှတ်ရသူများကို အလုပ်သမား၊ စက်အော်ပရေတာ များအဖြစ် ခေါ်ယူခန့်ထားပါသည်။ စက်များမှာ တန်ဖိုးကြိးလှသောကြောင့် စည်းကမ်း ကြပ်တည်းစွာ လုပ်ကိုင်ရသဖြင့် အလုပ်သမားများ၊ အင်ဂျင်နီယာများ၏ လစာ၊ အပိုကြေး၊ နေ့ဆိုင်း ညဆိုင်းစားရိတ်များမှာ အခြား သာမန်စက်ရုံ များထက် အနည်းငယ် များများပေးထားပါသည်။

စက်ရုံမှာလည်း ၂၄ နာရီ လည်ပတ်ပြီး တနှစ်တွင် ၂ ရက်သာ နားသဖြင့် စက်များကာ မနား၊ လူသာ အလှည့်ကျ လုပ်ကိုင်ရပါသည်။ တပတ်လျင် ၄၄ နာရီ လုပ်ကိုင်ရပြီး မနက် ၈နာရီမှ ည ၈ နာရီ ၁၂ နာရီ နေ့ဆိုင်း၊ ညဆိုင်း ၂ ပိုင်းခွဲ လုပ်ကိုင်ရပါသည်။ ပျှမ်းမျှ တပတ်လျင် ၃ ရက်ခွဲခန့် ဆက်တိုက် လုပ်ပြီး၊ ၃ရက်ခွဲခန့် ဆက်တိုက် အနားပေးပါသည်။ အင်ဂျင်နီယာ အတတ်ပညာရှင် အများစု နှင့် မန်နေဂျာများမှာ တနင်္လာ နေ့မှ သောင်္ကြာနေ့အထိ တပါတ်လျင် ၅ရက် အလုပ်လုပ်ပြီး စနေ၊ တနင်္ဂနွေ နှစ်ရက် ပိတ်ပါသည်။ သို့သော် အင်ဂျင်နီယာများမှာ စနေ၊ တနင်္ဂနွေများတွင်လည်း လိုအပ်သလို အချိန်ပို လာရောက်လုပ်ကိုင်ရပါသည်။

လုပ်ခ အနေဖြင့် အလုပ်သမားအဆင့်မှာ တလ စင်ကာပူဒေါ်လာ ၈ဝဝ မှ ၁ဝဝဝ အထိ ပေးပြီး အပို နေ့ဆိုင်း၊ ညဆိုင်း ကြေးငွေနှင့်ပေါင်းလျင် လစာ စင်္ကာပူ ဒေါ်လာ ၁၂ဝဝ ခန့် ရပါသည်။ အချိန်ပို များများလုပ်ရပါက တလလျင် ဝင်ငွေ စင်ကာပူဒေါ်လာ ၁၅ဝဝ ခန့် ရနိုင်ပါသည်။ အင်ဂျင်နီယာများ လစင်ဝင်ငွေမှာ သူတို့၏ ဘွဲ့၊ လုပ်ငန်း အတွေ့အကြုံအရ ၁၈ဝဝ မှ ၃၅ဝဝ အထိ ရှိကြပြီး၊ စီနီယာ အင်ဂျင်နီယာများနှင့် မန်နေဂျာများမှာ ၄ဝဝဝ အထက်ရှိပါသည်။ အဆင့်မြင့် စီမံခန့်ခွဲသူများမှာ လစာ ၈ဝဝဝ အထက်တွင် ရကြပြီး၊ အထူးကျွမ်းကျင်သူ နထစအေ ပညာရှင်များကို အမေရိကား၊ ဥရောပ၊ ကိုးရီးယား စသည်တို့မှခေါ်ယူ ခန့်ထားပြီး လစာ ဒေါ်လာ တသောင်း အထက် ပေးပါသည်။ အဆင့်အမြင့်ဆုံး စီအီးအို ၏လစာကို အင်တာနက် စတော့ဈေးကွက်တွင် တလ ဒေါ်လာ ၅ သောင်းဟု ဖေါ်ပြထားပါသည်။့ 
http://finance.yahoo.com/q/pr?s=CHRT


အိုင်စီ ထုတ်လုပ်ပုံ အဆင့်များ။
၁။ ဒီဇိုင်း နှင့် အာအင်ဒီ
R&D
၂။
Wafer Fabrication
၃။
Assembly and Packaging

၁။ ဒီဇိုင်း နှင့် အာအင်ဒီ
R&D
အများအားဖြင့် စစ်လက်နက်ပစ္စည်း အိုင်စီ ဒီဇိုင်းများကို လူသုံးကုန် အဆင့်သို့ အရည်အသွေးချပြီး ဒီဇိုင်းပြုလုပ်ခြင်းများရှိသကဲ့သို့၊ ဒီဇိုင်းအသစ် တီထွင်ခြင်းများလည်း ရှိပါသည်။ ကွန်ပြူတာနှင့်ဆိုင်သော ချစ်ပ် ဒီဇိုင်းမှာ အများဆုံးဖြစ်သည်။
Intel, AMD တို့၏ ကွန်ပြူတာ ပင်တီယံ Pentium 4 အဆင့် မိုက်ကရိုပရိုဆက်ဆာများ၊ Memory Chips, Grafic card, Sound Chip ..etc များကို ပရိုတိုတိုက်ပ် Proto type ရှေ့ပြေးစမ်းသတ် ထုတ်ကြပါသည်။ အဆင်ပြေပြီး စိတ်တိုင်းကျ စီးပွားဖြစ် ထုတ်သောအဆင့်သို့ စိတ်ချရပြီ ဆိုမှ နောက်တဆင့်၊ အမြောက်အများ ထုတ်လုပ်ခြင်း Wafer Fabrication and Assembly and Packaging သို့ ရောက်ပါမည်။

၂။
Wafer Fabrication
စီလီကွန် ဝေဖာ ဟုခေါ်သော အပြားအဝိုင်းပေါ်တွင် ဆီမီးကွန်ဒတ်တာ အိုင်စီ ပုံစံတူများစွာကို အီလက်ထရွန်များဖြင့် ဒုတ်ပင် ပစ်လွှတ်ခြင်း
Inplant, ဓါတ်ပုံပညာဖြင့် အရိပ်ထင်ပေးခြင်း Lithography, အလွှာလိုက် သတ္တု များကို တင်ပေးခြင်း Thin Film/ မလိုအပ်သော အပိုင်းများကို စားပစ်ခြင်း Etch, ဒီဖြူး ဟုခေါ်သော အသားသေအောင် လုပ်ခြင်း Diffision, သန့်ရှင်း၊ သန့်စင်စေခြင်း Clean Tech, မညီသောနေရာများကို ရွှေဘော်ထိုးသလို လုပ်ခြင်း CMP (Chemical Mechanical Polishing) စသဖြင့် အဆင့်ဆင့် လနှင့်ချီအောင် စက်တခုပြီး တခု သတ်မှတ်ထားသော နည်းပညာအတိုင်း၊ စနစ်တကျ အဆင့်ဆင့် လုပ်ဆောင်ရသည်။ ဝေဖာ အပြားဝိုင်း ၂၅ ခုကို ကက်ဆက် ဟုခေါ်သော သေတ္တာငယ်တွင် ထည့်ပြီး ကွန်ပြူတာကွန်ထရိုးဖြင့် အော်တိုမက်တစ် သယ်ယူပို့ဆောင်ခြင်းစနစ် CIM Computer Integrated Manufacturing နည်းကို သုံးပါသည်။ အင်ဂျင်နီယာများမှာလည်း အီကွပ်မင့် Equipment Engineer, ပရိုဆက် အင်ဂျင်နီယာ Process Engineer အပြင် Yield, Quality, Product, Customer engineers စသဖြင့် ဌာနအဆင့်ဆင့်မှ အင်ဂျင်နီယာများ တာဝန်ကိုယ်စီ လုပ်ဆောင်ကြရပါသည်။

wpe6.jpg (18759 bytes)

wpe7.jpg (20871 bytes)

wpe8.jpg (14043 bytes)

စက်များတွင် လိုအပ်သော အန္တရာယ် ကြီးမားသည် ဓါတ်ငွေ့များ (ဘိုရွန်၊ အာဆင်းနစ်၊ ဆယ်လိန်း) နှင့် ဓါတုဗေဒ အရည်များ (အက်စစ်၊ ဗေ့စ်၊ အယ်ကာလိုင်း)၊ ရေ၊ မီး၊ လေ စသည်တို့ကို င်္Facility Engineering မှ တာဝန်ယူဆောင်ရွက်ပြီး၊ ဘေးထွက်ပစ္စည်းများမှာလည်း အန္တရယ်ရှိသောကြောင့် စနစ်တကျ စွန့်ပစ်ရပါသည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေရန်အတွက် Exhaust System ကို အထူးပြုလုပ်ပေးရသည်။ သုံးသောရေမှာလည်း UPW Ultra-Pure Water ကို သုံးရပါသည်။
စီလီကွန် အပြားပေါ်တွင် အိုင်စီများကို အလွှာလိုက် တင်ပြီးသွားပါက၊ အရည်အသွေး လိုအပ်ချက်များကို
Electrical Parameter Testing ပြုလုပ်ရပါသည်။ နောက်ဆုံးတွင် Quality ဌာနမှ အပြစ်အနာဆာ စစ်ဆေးပြီးမှ အဆင့်မှီသော စီလီကွန် ဝေဖာများကို နောက်ဆုံးအဆင့် Assembly and Packaging စက်ရုံများသို့ ပို့ပေးရပါသည်။
wpe4.jpg (33195 bytes) wpe2.jpg (8863 bytes)

၃။ Assembly and Packaging
စီလီကွန် ဝေဖာတချပ်ပေါ်တွင် အိုင်စီ ၂ဝဝ ခုမှ ၁ဝဝဝဝ အထိ ရှိနိုင်ပါသည်။ ထိုအိုင်စီများကို တကယ် အလုပ်လုပ်၊ မလုပ်ကို
Wafer Sort စက်များဖြင့် စစ်ဆေးရပါသည်။ ထို့နောက် လေးထောင့် စတုဂံ၊ စတုရန်း ပိုံအိုင်စီများကို လွှစက်ဖြင့် ဖြက်ရပါသည်။ မဖြက်မှီ ဝေဖာကို ပါးပါးလေးဖြစ်ရန်အတွက် Grinding လုပ်ရ ပါသေးသည်။ နောက်ဆုံးတွင် အလုပ်လုပ်သော အိုင်စီ တခုစီကို ရွှေကြိုး၊ အလူမီနီယံကြိုးများဖြင့် ဝါယာကြိုးဆက်ခြင်း Wire Bonding နှင့် အနက်ရောင် ကြွေအိမ်သို ထည့်ခြင် Packaging လုပ်ဆောင်ရပါသည်။
ဝေဖာ အပြားဝိုင်းများမှာ အချင်း ရှစ်လက္မ အရွယ်၊ ၁၂ လက္မ အရွယ် စသဖြင့် ရှိကြပါသည်။ အဆင့်မြင့် နည်းပညာ၊ နောက်ဆုံးပေါ် အိုင်စီများကို ၁၂ လက္မ ဝေဖာစက်များဖြင့် ထုတ်လုပ်ပါသည်။

wpe9.jpg (22631 bytes)
အရှေ့တောင်အာရှ နိုင်ငံများနှင့် အိုင်စီ ထုတ်လုပ်မှုအခြေအနေ။
ဒီဇိုင်းအဆင့်ကိုလူ အရှေ့တောင်အာရှ နိုင်ငံများ မလုပ်နိုင်သေးပါ။ ဂျပန်၊ ဥရောပ၊ အမေရိက တို့က ဒီဇိုင်းအဆင့်ကို လက်ဝါးအုပ်ထားပါသည်။
Wafer Fabrication အဆင့်ကိုမူ အရှေ့တောင်အာရှတွင် စင်္ကာပူ၊ မလေးရှား တို့တွင် ထုတ်လုပ်နေပြီဖြစ်ပြီး၊ စင်္ကာပူတွင် အစိုးရအားပေးမှုဖြင့် ၁၂ လက္မ ဝေဖာစက်ရုံပင် ရှိနေပြီဖြစ်သည်။ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံ တို့တွင် Assembly and Packaging စက်ရုံ များစွာရှိနေပြီဖြစ်သည်။ ဝေဖာ စက်ရုံများမှာ ဈေးကြီးလှပြီး နည်းပညာပိုင်းမှာလည်း ခက်ခဲလှသောကြောင့်၊ အရှေ့တောင်အာရှတွင် များစွာမရှိကြပါ။ နည်းပညာပိုင်းတွင် အနည်းငယ် လွယ်ကူသော Assembly and Packaging စက်ရုံများမှာ အရှေ့တောင်အာရှနိုင်ငံများတွင် များပြားစွာရှိပါသည်။ မလေးရှား နှင့် ဖိလစ်ပိုင် တို့သည် ကမBာ့ အဆင့် တစ်၊ နှစ် နေရာများကို ယူထားကြပါသည်။

အိုင်စီ နည်းပညာ အဆင့် (တက်ကနိုလော်ဂျီ)။
ဆီးမီးကွန်ဒတ်တာ လောကတွင် နည်းပညာကို မိုက်ကရွန်
(um) ဖြင့် တိုင်းတာပြောဆိုပါသည်။ အဆင့်ပိုမြင့်သော နည်းပညာများကို နန်နို (nm)ဟုခေါ်ကြသည်။ တစ် မိုက်ကရွန်သည် တစ်မီလီမီတာ၏ တစ်သန်းပုံ တစ်ပုံ မျှ သေးငယ်ပြီး၊ တစ် နန်နို သည် အဆ တစ်ရာ ပိုသေးပါသေးသည်။ 0.5 um ကို ပွိုင့်ဖိုက် တက်ကနိုလော်ဂျီဟု ခေါ်ပြီး 0.13um ကို ပွိုင့် ဝမ်းသရီး တက်ကနိုလော်ဂျီ ဟုခေါ်ပါသည်။ ပိုသေးငယ်သော 0.09 um ကို 90nm နိုင်တီး နန်နို တက်ကနိုလော်ဂျီ ဟုခေါ်ကြပါသည်။ 0.5 um ဆိုသည်မှာ အိုင်စီတွင်အသေးဆုံးသော ဝါယာလမ်းကြောင်း၏ အကျယ်မှာ 0.5 um ရှိသည် ဟုဆိုလိုပါသည်။
စီလီကွန် ဝေဖာ အချပ်ဝိုင်းပေါ်တွင် မိုက်ကရိုစကုတ်ဖြင့် ကြည့်ပါက အနီ၊ အဝါ ဝါယာလမ်းကြောင်းများကို
90nm ရမည်ဖြစ်ပြီး၊ ကန့်လန့် ဖြက်ကြည့်ပါက အလွှာ အထပ်ထပ် တိုက်တာပုံသဏန် မြင်ရမည်ဖြစ်သည်။ အချို့ ဝေဖာ များတွင် အလွှာ ၇ ထပ်၊ ၈ ထပ် အထိ ရှိနိုင်ပါသည်။ ၂ဝဝ၇ ခုနှစ်နောက်ပိုင်းတွင် 90nm 65nm, 45nm စသည့် အဆင့်မြင့် နည်းပညာများ ကို ၁၂ လက္မ ဝေဖာ စက်ရုံများတွင် ထုတ်လုပ်နေပြီဖြစ်ပါသည်။

wpe5.jpg (23617 bytes)
မြန်မာ ဆီးမီးကွန်ဒတ်တာ အင်ဂျင်နီယာများ အနာဂါတ်။
နောင် ၁ဝ နှစ်ခန့်ကြာလျှင် မြန်မာ လူမျိုးများ၊ နည်းပညာပိုင်းတွင် တော်တော် တတ်ကြွမ်းလာမည်ဖြစ်ပါသည်။ အထူးအဖြင့် ဒီဇိုင်းလုပ်ငန်းကို တတ်ကြွမ်းသူ မြန်မာ ပညာရှင်များသည် အမေရိက၊ ဥရောပ များတွင် ရှိနေကြပါသည်။ စင်ကာပူရှိ မြန်မာများမှာ အိုင်စီ ထုတ်လုပ်သော နည်းပညာများတွင် ဦးဆောင်လာနိုင်ပါသည်။ စင်္ကာပူရှိ မြန်မာအင်ဂျင်နီယာများမှာ ပိုလီတက်ကနစ် ဒီပလိုမာမှတဆင့်၊ စင်္ကာပူ တက္ကသိုလ်များမှ ဒီကရီ၊ မာစတာများ ရရှိလာကြပြီ။ မြန်မာနိုင်ငံ ရန်ကုန်စက်မှုတက္ကသိုလ် ဆင်း မြန်မာအင်ဂျင်နီယာများမှာ စင်္ကာပူ တက္ကသိုလ်များမှ ဆီးမီးကွန်ဒတ်တာ (မိုက်ကရို အီလက်ထရွန်းနစ်) မာစတာ ဘွဲ့ရသူ အမြောက်အများရှိနေပြီး၊ မကြာမှီ ပီးအိပ်ဒီ ဘွဲ့များ ရသူ ရှိလာကြမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဆီးမီးကွန်ဒတ်တာ စက်ရုံများလည်း အနာဂါတ်တွင် ပေါ်လာမည်ဖြစ်သည်။ နောင် ၁ဝ နှစ်ခန့်အကြာတွင် တရုပ်၊ အိန္ဒီယ နိုင်ငံများမှာ ဆီးမီးကွန်ဒတ်တာ ပညာတွင် အနောက်နိုင်ငံများကို မှီလာမည်ဖြစ်ပြီး၊ မြန်မာလူမျိုးများလည်း ကဏတခုမှ ပါဝင်နိုင်မည် မျော်လင့်ပါသည်။ သိပံ္ပ ပညာရှင်များသည် သတ္တဗေဒ ပညာဖြင့်
Bio Cell IC များထုတ်လုပ်နိုင်ရန် ကြိုးစား သုတေသန ပြုနေကြသော်လည်း နောင်နှစ်ပေါင်းများစွာ ဆီးမီးကွန်ဒတ်တာ ပညာမှာ ဈေးကောင်းရနေဦးမည်ဖြစ်ပါသည်။
ပြီးပါပြီ။

မောင်သာမန်
၁၉၉၇ ဆောင်းပါးကို ပြန်လည်ဖေါ်ပြခြင်းဖြစ်သည်။ ၇-မေ-၂၀၁၂


wpeA.jpg (54142 bytes)

Notes:
1. William Shokley, John Barden and Watter Brattain - those 3 scientic invented "transistor" in 1947. They won noble price for Physic.
2. Intel Corporation , found by Gordon Moore and Robert Noyce started IC manufacturing since 1968.
 
Ref:burmeseamericasingapore blogs

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!